ပိုကီမွန်ကုန်ကူးခြင်း၊ မိတ်ဆွေဆက်ဆံရေး၏ အကျိုးကျေးဇူး နှင့် ‌ငွေကြယ်မှုန့် ရဲ့ ဆန်းကြယ်အရေးပါမှု

ခေါင်းစဉ်ဖတ်လိုက်တာနဲ့ စိတ်ထဲမှာ ဘာလဲဟ လို့ ဖြစ်သွားမယ်ထင်တယ် ။ တကယ်က Pokémons တွေ Trainers အချင်းချင်း Trading လုပ်ရင် Stardusts တွေ ကုန်ကျတာကို တွက်ပြချင်လို့ပါ။ တခြား Friendship အကြောင်း သိသင့်တဲ့ ဟာတွေကောပေါ့ ။

ဆိုတော့ Trading ဆိုတာ ဘာလဲပေါ့။ ကျနော်တို့က သူ့မှာ ရှိတဲ့အကောင်နဲ့ ကိုယ့်မှာ ရှိတဲ့ အကောင်ကို အလဲအလှယ်လုပ်ကြတာကို Trade တယ်လို့ ခေါ်ကြတာပေါ့။ အလွယ်ပါပဲ ။ မင်းမှာရှိတဲ့ အကောင်းဆုံး အကောင်ကို ငါ့ကိုပေး၊ ငါမလိုချင်တာ မင်းယူပေါ့ ။ 😝

ဒါဆို အဲ့လောက် ရိုးရှင်းသလား။ ဘာနဲ့ Trade ရတာလဲ ။ ဘာတွေ ကုန်ကျသလဲ။ ဘာတွေလိုအပ်လဲ။ မေးခွန်းတွေ ရှိလာပြီ။ အခြေခံ အကျဆုံး အရာတွေကနေ ပြောကြရအောင်။

ချစ်မိတ်တွေတို့၏ အရေးပါမှု

ကျနော်တို့ ( Trainers ) တွေဟာ Trade ဖို့ဆို အခြေခံကျတဲ့ အချက် (3) ချက်ကို လိုပါတယ်။

  • Trainers များဟာ Trainer Level 10 နှင့် အထက်ရှိရပါမယ်။
  • Trade မယ့် တစ်ခြား Trainer နဲ့ Friend ဖြစ်ရပါမယ်။
  • လက်တွေ့ အပြင်မှာ Trade မယ့်သူနဲ့ မီတာ ၁၀၀ အတွင်း ရှိနေရပါမယ်။

ဒါဆို စလို့ရပါပြီ။

ပထမ အချက်က အားလုံး ရှင်းလင်းကြမယ်ထင်ပါတယ်။

ဒုတိယ အချက်မှာ ပြောစရာ ရှိပါတယ်။ Friend ဖြစ်နေရမယ်လို့ ပြောတယ်။ ဘယ်လို Friend လဲပေါ့ ။ Friend ပုံစံက ၄ မျိုးတောင်ရှိတာကိုး။

  • Good Friend (reached after 1 day of friendship)
  • Great Friend (reached after 7 days of friendship)
  • Ultra Friend (reached after 30 days of friendship)
  • Best Friend (reached after 90 days of friendship)

( သတိထားရမှာက Friend ဖြစ်ပြီး ပစ်ထားရုံနဲ့ Friendship Level တွေ မတိုးလာပါဘူး။ တစ်ရက်ကို တစ်ခါ သူ့ဘက် ဒါမှမဟုတ် ကိုယ့်ဘက်ကနေ Gift များ ပို့ပေး၊ ဖွင့်ပေးမှ Level တက်လာမှာပါ။ Raid များတွင်လည်း invite လုပ်ပြီး ကစားခြင်းက Friendship ကို တိုးစေပါတယ်။ )

Friendship Level တက်လာတာနဲ့အမျှ Bonus တွေ ရလာပါတယ်။ Great Friend နဲ့ အထက်ဆို Gym တွေ ၊ Raid တွေမှာ invite လုပ်ပြီး အတူကစားရင် attack bonus တွေ ၊ raid bonus တွေ ရပါတယ်။ Damage တိုးတာတွေ၊ ball အပို ရတာတွေ ကို ခံစားရပါတယ်။ Trade ကြရင် ကျနော်တို့ သိထားရမှာက ကျနော်တို့ ပေးလိုက်တဲ့ IV အတိုင်း အတိအကျရမှာ မဟုတ်ပါဘူး။ IV အသစ် ပြန်သွားဖြစ်မှာပါ။ ကျနော်က Mewtwo 100% IV ပေးလိုက်ပေမယ့် သူ့ဘက်မှာက 89% IV လောက်ပဲ ရရင် ရတာမျိုးပါ။ တရားသေမှတ်လို့ မရပါဘူး။ အဲ့ကောင်က Trainer နှစ်ဦးစလုံးရဲ့ Trainer level နဲ့ Friendship Level ပေါ်မှာ မူတည်ပါတယ်။ Friendship Level မြင့်ရင် ပိုမြင့်တဲ့ IV ရဖို့ chance ပိုများပါတယ်။

Friendship အကြောင်းသိပြီဆိုရင် Trading အပိုင်းကို ပြန်သွားကြမယ်။ Trade တဲ့နေရာမှာ 2 မျိုးရှိပါတယ် ။

Standard Trade နဲ့ Special Trade ပါ ။

Standard Trade ထဲမှာက ကိုယ့် Pokedex ထဲမှာ Registered လုပ်ပြီးသား ( အကောင်ဖမ်းဖူးပြီးသား ) သာမန် အကောင်တွေ၊ Regional အကောင်တွေ၊ တစ်ခါမှ မဖမ်းရသေးတဲ့ unregistered အကောင်တွေ ပါပါတယ်။သူက တစ်နေ့အတွင်း ကြိုက်သလောက် Trade လို့ရပါတယ်။Shiny & Legendary တွေ ( registered and unregistered) တော့ မပါပါဘူး။

Special Trade ထဲမှာ တော့ Shiny & Legendary ( registered and unregistered) တွေပါပါတယ်။ သူကတော့ တစ်နေ့မှာ တစ်ခါပဲ Trade လို့ရပါတယ်။ အချို့ Event တွေမှာတော့ အပို တစ်ခါ Trade ခွင့်ပေးပါတယ်။ပုံမှန်ကတော့ တစ်ခါပါ။

သတိထားရမှာက Mythical တွေထဲမှာ Meltan နဲ့  Melmetal ကလွဲလို့ ကျန်တာတွေကို ဘယ်တော့မှ Trade မရပါဘူး။ ပြီးတော့ Candy Bonus ဆိုတာ ရှိပါတယ်။ကျနော်တို့ Trade complete ဖြစ်တာနဲ့ တစ်ခါတစ်လေ Candy တွေ ရပါတယ်။ အဲ့တာက ဘယ်လို ရတာလဲဆိုတော့ ကျနော်တို့ Trade လိုက်တဲ့ pokemon နှစ်ကောင်ရဲ့ ပထမဆုံး ဖမ်းမိတဲ့ location ပေါ်မူတည်ပြီး ရတာပါ။

Pokemon 2 ကောင် ဖမ်းမိတဲ့ location different ဟာ 30 km အောက်ဆိုရင် candy 1 ခုရပါမယ်။ 30km – 100km ကြားဆိုရင် 2 candy ရပါမယ်။ 100 km အထက်ဆို candy 3 ခုပါ။ Trade တစ်ခုမှာ ကျနော်တို့ အများဆုံး အနေနဲ့ candy 3 ခုကို ရနိုင်ပါတယ်။

ငွေကြယ်မှုန့်ရဲ့ အရေးပါပုံ

စ Trade မယ်ဆို ကျနော်တို့ အနေနဲ့ ၊ Good Friend ဖြစ်ရုံလေးနဲ့ Trade လို့ရပါတယ်။ ဒါပေမယ့် ဘယ်လို အကျိုးသက်ရောက်လဲ ဆိုတာ တွက်ချက်ရတော့မယ်။ ဒါဆို စစချင်း ကျနော် ပြောတဲ့ ငွေကြယ်မှုန့် ( Stardust ) က ပါလာပြီပေါ့။ ငွေကြယ်မှုန့်ရဲ့ ဆန်းကြယ်မှုတွေက ဘာလဲ၊ အသုံးဝင်မှုက ဘာလဲ။

Stardust ကို ကျနော်တို့က Combat Power ( CP ) တွေတိုးဖို့ မိမိ Pokemon ရဲ့ Level Up ဖို့ရာတွင် သုံးပါတယ်။ အကောင်တွေ level တက်ဖို့ Candy တွေ အပြင် Stardustက အခရာ ကျပါတယ်။ ဒီလောက်ဆို သိမယ် ထင်ပါတယ်။ Exp လို ဖောဖောသီသီ မရနိုင်ပါဘူး ။ လိုအပ်တဲ့ နေရာပဲ အသုံးချသင့်ပါတယ်။

ဒါဆို ခုန Trading လုပ်တဲ့ နေရာမှာ Stardust ကုန်ကျမှု အကြောင်းတွေ ပြောရအောင်။ Friendship Levelနဲ့ ဘယ်လို ဆက်စပ်ပြီး အကျိုးကျေးဇူးရမလဲ ဆိုတာ အောက်က ပုံကို ကြည့်ပါ။

Friendship Level များတာနဲ့ အမျှ Trading လုပ်ဖို့ ကုန်ကျမယ့် Stardust ပမာဏဟာ အများကြီး လျော့နည်းတာကို တွေ့ရပါမယ်။ regular ကောင်တွေမှာ မသိသာပေမယ့် Special Trade မှာဆို တအားသိသာပါတယ်။ Good Friend မှာ Stardust 1M ကုန်ကျမယ့်ဟာက Best Friend မှာဆို 40,000 လောက်ပဲ ကုန်ကျပါတော့တယ်။ အဲ့အတွက် မိမိက unregistered Special Trade ဖို့ဆို အနည်းဆုံး 1 month တော့ အချိန်ပေးသင့်ပါတယ်။ မဟုတ်ရင် stardust ဖြုန်းနေသလို ဖြစ်နေပါမယ်။

ဆက်ရန် – ကျန်ခဲ့သည်များ ၊ လိုအပ်ချက်များနှင့် အကြောင်းအရာသစ်များကို နောက်ပိုင်းတွင် post အသစ်ရေးသွားပါမည်။

Community Day ကို ဘယ်လို အကျိုးရှိရှိ ကစားမလဲ ။

လတိုင်း လာတဲ့ Community Day Event ကို ဒီထဲက ဘရိုတို့ ဘယ်လိုကစားကြလဲတော့ မသိဘူး။ Community Day ဆိုတာက Pokemon Go player တွေ အတွက် တစ်လတစ်ခါ 3 နာရီအချိန်ရတဲ့ Featured Pokemon Bonus Event တစ်ခုပါ။ Event လာမယ့်ရက်ကို ဆယ်ရက်လောက်ကတည်းက ကြိုတင်ကြေညာပါတယ်။ ဒီမှာ ကြည့်လို့ရပါတယ်။


https://community.day/events/


သူက ဘယ်လိုလဲဆိုတော့ Local Time 11AM ကနေ 2PM အထိ 3နာရီ အချိန်ရပါတယ်။ ဒီလ အတွက်က 13 ရက်နေ့က Galarian Zigzagoon
လာပြီးသွားပါပြီ။ နောက်လမှ Featured Pokemon အသစ်ပြန်လာမှာပါ။ အဲ့ သုံးနာရီအတွင်းမှာ Shiny Featured Pokemon တွေ ၊ Bonus Rewards တွေ အများကြီးရပါတယ်။ ဥပမာ Stardust, Exp , Candy ဘာညာပေါ့ ။
ကျနော်ကစားပုံ ကစားနည်းက Community Day ရောက်ရင်
သာမန် 3 နာရီပဲ ကစားရမယ့် အစား အရှေ့အနောက် အချိန်ကွာခြားတာကို တွက်ချက် ၊ Cooldown စောင့် ပြီး 9 နာရီကစားတာပါ။
😛
ဆိုတော့ ပြောပြပါမယ်။ ခုန ပြောသလို
သူက local time 11 AM ကနေ 2 PM အထိ 3 နာရီ အချိန် ရတယ်။


ပုံထဲမှာ သေချာကြည့်ရင် အဲ့မြို့သုံးခုက အချိန် ခြောက်နာရီစီကွာတယ်။
ဟုတ်ပြီ။
ကိုက Taipei အချိန် 9 နာရီမှာ Teleport လုပ် ၊ cooldown ပြည့်တာနဲ့ 11နာရီ Taiwan မှာ Community Day စပြီ။
ပြီးတဲ့ အချိန် နေ့လည် 2 နာရီမှာ Zaragoza ( Barcelona Time ) ကို Teleport လုပ်ပါ။ အဲ့အချိန် စပိန်မှာ မနက် 8 နာရီ ၊ coold down စောင့် ၊ 11 နာရီမှာ စပိန်မှာ Community Day စမယ် ၊ 3 နာရီကစားပြီးတာနဲ့ NewYork ကို Teleport လုပ် ဟိုမှာ 7 နာရီပဲ ရှိအုံးမယ်။
Cool Down 2 နာရီစောင့် ရင် 9 နာရီရှိပြီ၊
11 နာရီ ဆိုရင် NewYork ရဲ့ community day စပါပြီ။
တစ်မြို့ကို သုံးနာရီစီဆိုတော့ စုစုပေါင်း ကိုးနာရီပါ ။
Lucky Egg , Stardust ဘာညာ ဖွင့်ပြီး အမုန်းဖမ်းပါ။
Quick Catch, Skip catchsense ဘာညာကိုတော့ သေချာပေါက်ဖွင့်ပါ။

ဒါက ကျနော် ကစားတဲ့ Location တွေပါ ။
Taipei, Taiwan : 25.044500,121.529662
Zaragoza : 41.6616, -0.8946
NewYork : 40.76475,-73.98141

ခေါင်းသုံးပြီးကစားနိုင်ကြပါစေ။ 😛 ဘမ်းခံရခြင်းမှာ ကင်းဝေးပါဇီ ။

Team Rocket MM ( https://icanfly.code.blog)
Pokémon Go Low-key Players Club -MM ( လိုင်းကီးပေးကြပါအုံး )

Android မှာ fly မယ် Spoof မယ်

ခေါင်းစ‌ဉ်အတိုင်းပဲပေါ့ ။ Android မှာ fly ကြမယ်ပေါ့ ။ဘာလို့ IOS မှာ မ fly လဲဆို အခုရေးနေတဲ့ Admin မှာ အိုင်ဖုတ် မရှိတော့ စမ်းလို့မှမရတာ xD နောက်တာပါ ။ ဟုတ်ပြီ ဒါဆို အခု local မှာကော Inter မှာပါ Android အတွက် သုံးကြတဲ့ App တွေကို အရင်ကြည့်ရအောင် ။ လက်ရှိ မှာ လူအသုံးအများဆုံးက နှစ်ခုပဲ ရှိပါတယ်။

ပထမ တစ်ခုက Pgsharp App ပါ ။ သူ့ website link ထည့်ပေးထားပါတယ် ၊ Download ဆွဲချင်ရင်လည်း အဲ့ကပဲ ဆွဲရပါတယ်။ သူက Android သီးသန့်ပါ။ ဖုန်းမှာ Root ဖောက်ထားစရာမလိုပါဘူး။ သူ့ App ကို download ဆွဲ အကောင့်ဝင်ပြီး တန်းဆော့လို့ရပါတယ်။ Official Pokemon Go Game ကိုတော့ deviceထဲကနေ uninstall လုပ်ရပါမယ်။ https://www.pgsharp.com/

နောက်တစ်ခုက Ipogo ပါ ။ သူက IOS / Android နှစ်ခုစလုံး support ပါတယ်။ စ ထုတ်သုံးက IOS သီးသန့် လုပ်ပေးပေမယ့် နောက်ပိုင်းမှာ Android မှာပါ support လုပ်ပေးပါတယ်။ ဒါပေမယ့် သူက Android မှာ Beta အဆင့်ပဲ ရှိသေးတာ သတိပြုရပါမယ်။ Beta ဆိုပေမယ့် အကုန်နီးပါး stable ဖြစ်ပါတယ်။ သူက Androidမှာ Root ရှိရင် သူ့ရဲ့ Ipogo Launcher app လေးကိုသာ download ဆွဲဖို့လိုပါတယ်။ Official Pokemon Go App ကို ဖျက်စရာ မလိုပါဘူး။ Launcher ကနေ တန်းပြီး ဖွင့် ကစားယုံပါပဲ။ ဒါပေမယ့် ကိုယ့် deviceက Root မရှိရင် IPOGO App ကို download ပြီးofficial pokemon go app ကို ဖျက်ပစ်ရပါမယ်။ မဟုတ်ရင် ipogo ကို installလုပ်မရပါ။ ဆော့မရဘူးပေါ့ ။ https://ipogo.app/

ဒါဆို ကျနော်တို့ ဘယ်ဟာ သုံးမလဲပေါ့ ။ ကျနော်ကတော့ F2P player အနေနဲ့ ရေးမှာပါ။ Free to Play ပေါ့ ၊ လက်ရှိက မွဲနေတာကိုး ။ xD ပြောရရင် နှစ်ခု စလုံးက Free ကစားလို့ရပါတယ်။ ဒါပေမယ့် ဒါပေမယ့်ဆို ကြောက်နေပြီ ။ xD Pgsharp ကို အရင်ကြည့်ရအောင် ။

Pgsharp က Free ကစားရင် Free Version ပေါ့ ။ တစ်လကို License Key တစ်ခု အတွက် ကန်ဒေါ်လာ 5 USD ပေးရင်တော့ Standard Edition ရပါတယ် ။ တစ်လစာ ကျသင့်ငွေ မြန်မာကျပ်ငွေနဲ့ဆို 11000 MMK ပါ။ License Key တစ်ခုကို Device 2 ခု သုံးလို့ရပါတယ်။ သူငယ်ချင်း နှစ်ယောက် စုဝယ်ပေါ့။ xD အဲ့ version နှစ်ခုကလုပ်ပိုင်ခွင့် အကန့်အသတ် ကွားခြားချက်က တော်တော်များပါတယ်။ အောက်မှာ တစ်ချက် ရှိုးကြည့်ပါ ။

အရေးကြီးတဲ့ features တွေ ဖြစ်တဲ့ Quick Catch တို့ ၊ Shiny Scanner တို့ ၊ Skip Cutscenes တို့ ၊ Transfer On Catch တို့ဟာ ဟာ Pgsharp Free Version မှာ မပါဝင်ပါဘူး။ Standard Edition မှာသာ ရနိုင်ပါတယ်။ ဘာကွာလဲဆို နောက်ပိုင်း level up တဲ့ အခါ အရမ်းသိသာပါတယ်။ ဘယ်သူမှ Cutscenes အရှည်ကြီးတွေ မကြည့်ချင်ပါဘူး။ နောက်ပိုင်းကြရင် ပျင်းစရာကောင်းလာပါလိမ့်မယ်။ Official Pokemon Go နဲ့ လမ်းလျောက်ပြီး အကောင်ဖမ်းနေတဲ့ သူတွေကိုတော့ အားနာစရာပါ။xD ဘာကြောင့် Spoof တယ်ဆိုတာ ကျနော် မိတ်ဆက်မှာ ပြောပြီးပါပြီ။ ဒါ ‌တွေကြောင့် Pgsharp သုံးမယ်ဆို Standard Edition ကို နှစ်ယောက်စုပြီး ဝယ်သုံးသင့်ပါတယ်။ ပိုက်ဆံကတော့ လတိုင်းပေးရမှာပါ။

ဟုတ်ပြီ။ ကျနော်တို့က ပိုက်ဆံလည်း မပေးချင်ဘူး။ အဲ့လို Features တွေလည်း အလကားသုံးချင်တယ်ဗျာ။ ဒါဆို ရွေးချယ်စရာ ရှိပါတယ်။ ခုန ကျနော် ပြောတဲ့ Ipogo ပါ။ သူက Android မှာ Beta Release သာဖြစ်သေးတယ်လို့ ကျနော် အပေါ်မှာ ပြောခဲ့ပါတယ်။ အဲ့တာကြောင့်မို့ သူ့ရဲ့ Features အစုံကို Free ဆော့ရမှာပါ။ နောက်ပိုင်း Stable ဖြစ်လာရင်တော့ IOS လို လစဉ်ကြေး ကောက်ခံလာနိုင်ပါတယ်။ ဒါပေမယ့် အခုထိတော့ Android အတွက် Free to Play ပါ။ ကျနော်က အိုင်ဖုတ် မကိုင်နိုင်တဲ့ အတွက် အခုရော နောက်ရော Android Only သာ ရေးသားသွားမှာပါ။ xD ဒါကတော့ သူ့ရဲ့ Features တွေပါ ။ ဘယ်လို အသုံးပြုရမလဲဆိုတာကတော့ နောက် ပိုစ့်တွေမှာ ရေးသားသွားမှာပါ။ App ကနေ Screenshot ရိုက်ပြီး ပြထားပေးပါတယ်။

ကျနော်ကတော့ အရင်စကစားတုန်းက Pgsharp Free ယူဆာဖြစ်ပေမယ့် အခုတော့ Ipogo ကို သုံးပါတယ်။ ဒါပေမယ့် ကျနော့ သုံးကြည့်တဲ့ အတွေ့အကြုံအရ Ipogo ဟာ Android မှာဆို Beta ဖြစ်တာနဲ့ အညီ App က ဆော့တာအချိန် ကြာရင် Crash တာတွေ Bugs တာတို့ Glitches ထတာတွေ ဖြစ်တတ်ပါတယ်။ ပြီးရင် တော်တော်ဆိုးတာက cooldown မမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်က Teleport ပြီးလို့ ပြထားတဲ့ cooldown အတိုင်း စောင့်ရုံနဲ့ မပြီးပါဘူး။ cooldown က လွတ်ပြီးလားဆိုတာ သေချာအောင် 1 min လောက် ထပ်စောင့်တာတို့ ၊ Poke Shops တွေကို Spin wheel လှည့်တာတို့ လုပ်ပြီး စမ်းကြည့်သင့်ပါတယ်။ cooldown ကုန်ပြီဆိုပြီး ကောက်ဖမ်းလိုက်လို့ ကိုယ် encounter လုပ်ထားတဲ့ Pokemon လေး Fled သွားရင် ငိုနေရပါမယ်။ ခံရဘူးလို့ ကြိုပြောတာပါ ဟဲဟဲ

Pgsharp မှာတော့ cooldown ဟာ second နဲ့အမျှတိကျပါတယ်။ Stable ဖြစ်တယ်ပေါ့။ ကျနော် အခုရေးတဲ့ စာက စဆော့တဲ့သူတွေ ဘယ်လို fly မလဲ ၊ ဘယ်လို App တွေ ရွေးမလဲဆိုတာ သိသလောက်ပြောပြတာပါ။ ကျနော် ကတော့ Ipogo သုံးပါတယ်။ Ipogo နဲ့ ကစားပြီး နောက်စာတွေ ဆက်ရေးသွားမှာပါ။ နောက်ပိုစ့်မှာတော့ Ipogo ထဲက features တွေကို ရှင်းပြပါမယ်။

ဪ နောက်ဆုံး ပြောချင်တာက ကိုယ်က Spoof ပြီး စဆော့ကတည်းက Ban ခံရနိုင်တယ်ဆိုတာ နှလုံးသွင်းထားရပါမယ်။ xD အားလုံးပဲ fly နိုင်ကြပါစေ။

Team Rocket MM

Gotta Catch ’em All

ပထမ တစ်ခဏတာ Rချောင်ခြင်း ✨

မေးသူ – Professor MindReader
ဖြေသူ – Team Rocket MM

မေး – Pokemon Go ဘာကြောင့် Spoof ပြီးကစားတာလဲ။
ဖြေ – Poke Shop တွေ ၊ Gym တွေ နီးနီးနားနား မရှိလို့ပါ။ ပြီးတော့ ပုံမှန် အချိန်မပေးနိုင်လို့ပါ။
ပြည်တွင်းမှာ ဆော့တဲ့ လူ နည်းတော့ Raid တွေ ဘာတွေဆို၊ လူစုရမှာ မလွယ်ဘူးလေ ။

မေး – ဒါဆို ပြည်တွင်းမှာ ပုံမှန် အတိုင်း ဆော့ဖို့ အခက်အခဲ ရှိတာပေါ့နော်။
ဖြေ – အပေါ်က ပြောတာတွေကို ကာဗာယူပြီး Spoof ပြီး ကစားချင်လို့ကို ကစားတာပါ။ 😛 ပြီးတော့ အိမ်ပြင်ထွက်ရမှာ နေပူပြီး ပျင်းစရာကြီး‌လေ။ ဖုန်းတစ်လုံးနဲ့ လမ်းလျောက်ပြီး အကောင်တွေဖမ်းနေတာဟာ ခုကာလ မှာ အ‌ဆင်မပြေဘူး ထင်လို့ပါ။

မေး – ဒါဆို အကိုတို့က Spoof ပြီး ကစားလို့ရတဲ့ နည်းလမ်းတွေ ၊ မျှဝေပေးနိုင်မလားဗျ ။
ဖြေ – ဟုတ်ကဲ့ ၊ ဒီနှစ်ပိုင်းတွေမှာ Pokemon Go ဂိမ်းကို ကစားသူတွေ ပြန်များလာကြတယ်။ စကစားတဲ့သူတွေ အတွက် ရည်ရွယ်ရင်း ခု Page လေးကို ထောင်လိုက်တာပါ။ ကျနော်တို့ကိုယ်တိုင်လည်း 2022 မှ
စကစားတဲ့ အတွက် လိုအပ်ချက်တွေ ၊မသိတာတွေ ရှိနိုင်ပါတယ်။ သိသလောက် ရှဲယားရင်း မှာပါ။ အဓိကက
ကိုယ်တွေလို စကစားတဲ့ Newbie တွေအတွက် ရေးတာပါ။ တစ်ခုပြောချင်တာက Spoof ပြီး ကစားတဲ့ အတွက်
အချိန်မရွေး Niantic က ban နိုင်ပါတယ်။ ဒါတော့
တာဝန်မယူပါလို့ ကြိုတင်ပြောပါရစေ ။

မေး – ဟုတ်ကဲ့ ၊ ကျေးဇူးတင်ပါတယ်။ ဖြေကြားပေးတဲ့ အတွက် ။
ဖြေ – ဟုတ် ကျနော်တို့ Page က Team Rocket MM အဖွဲ့သားတွေကလည်း အခုလို လာရောက်မေးမြန်းတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

Design a site like this with WordPress.com
Get started