ပထမ တစ်ခဏတာ Rချောင်ခြင်း ✨

မေးသူ – Professor MindReader
ဖြေသူ – Team Rocket MM

မေး – Pokemon Go ဘာကြောင့် Spoof ပြီးကစားတာလဲ။
ဖြေ – Poke Shop တွေ ၊ Gym တွေ နီးနီးနားနား မရှိလို့ပါ။ ပြီးတော့ ပုံမှန် အချိန်မပေးနိုင်လို့ပါ။
ပြည်တွင်းမှာ ဆော့တဲ့ လူ နည်းတော့ Raid တွေ ဘာတွေဆို၊ လူစုရမှာ မလွယ်ဘူးလေ ။

မေး – ဒါဆို ပြည်တွင်းမှာ ပုံမှန် အတိုင်း ဆော့ဖို့ အခက်အခဲ ရှိတာပေါ့နော်။
ဖြေ – အပေါ်က ပြောတာတွေကို ကာဗာယူပြီး Spoof ပြီး ကစားချင်လို့ကို ကစားတာပါ။ 😛 ပြီးတော့ အိမ်ပြင်ထွက်ရမှာ နေပူပြီး ပျင်းစရာကြီး‌လေ။ ဖုန်းတစ်လုံးနဲ့ လမ်းလျောက်ပြီး အကောင်တွေဖမ်းနေတာဟာ ခုကာလ မှာ အ‌ဆင်မပြေဘူး ထင်လို့ပါ။

မေး – ဒါဆို အကိုတို့က Spoof ပြီး ကစားလို့ရတဲ့ နည်းလမ်းတွေ ၊ မျှဝေပေးနိုင်မလားဗျ ။
ဖြေ – ဟုတ်ကဲ့ ၊ ဒီနှစ်ပိုင်းတွေမှာ Pokemon Go ဂိမ်းကို ကစားသူတွေ ပြန်များလာကြတယ်။ စကစားတဲ့သူတွေ အတွက် ရည်ရွယ်ရင်း ခု Page လေးကို ထောင်လိုက်တာပါ။ ကျနော်တို့ကိုယ်တိုင်လည်း 2022 မှ
စကစားတဲ့ အတွက် လိုအပ်ချက်တွေ ၊မသိတာတွေ ရှိနိုင်ပါတယ်။ သိသလောက် ရှဲယားရင်း မှာပါ။ အဓိကက
ကိုယ်တွေလို စကစားတဲ့ Newbie တွေအတွက် ရေးတာပါ။ တစ်ခုပြောချင်တာက Spoof ပြီး ကစားတဲ့ အတွက်
အချိန်မရွေး Niantic က ban နိုင်ပါတယ်။ ဒါတော့
တာဝန်မယူပါလို့ ကြိုတင်ပြောပါရစေ ။

မေး – ဟုတ်ကဲ့ ၊ ကျေးဇူးတင်ပါတယ်။ ဖြေကြားပေးတဲ့ အတွက် ။
ဖြေ – ဟုတ် ကျနော်တို့ Page က Team Rocket MM အဖွဲ့သားတွေကလည်း အခုလို လာရောက်မေးမြန်းတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

Published by Forever TeamRocket

Team Rocket Leader

Leave a comment

Design a site like this with WordPress.com
Get started