ခေါင်းစဉ်အတိုင်းပဲပေါ့ ။ Android မှာ fly ကြမယ်ပေါ့ ။ဘာလို့ IOS မှာ မ fly လဲဆို အခုရေးနေတဲ့ Admin မှာ အိုင်ဖုတ် မရှိတော့ စမ်းလို့မှမရတာ xD နောက်တာပါ ။ ဟုတ်ပြီ ဒါဆို အခု local မှာကော Inter မှာပါ Android အတွက် သုံးကြတဲ့ App တွေကို အရင်ကြည့်ရအောင် ။ လက်ရှိ မှာ လူအသုံးအများဆုံးက နှစ်ခုပဲ ရှိပါတယ်။
ပထမ တစ်ခုက Pgsharp App ပါ ။ သူ့ website link ထည့်ပေးထားပါတယ် ၊ Download ဆွဲချင်ရင်လည်း အဲ့ကပဲ ဆွဲရပါတယ်။ သူက Android သီးသန့်ပါ။ ဖုန်းမှာ Root ဖောက်ထားစရာမလိုပါဘူး။ သူ့ App ကို download ဆွဲ အကောင့်ဝင်ပြီး တန်းဆော့လို့ရပါတယ်။ Official Pokemon Go Game ကိုတော့ deviceထဲကနေ uninstall လုပ်ရပါမယ်။ https://www.pgsharp.com/
နောက်တစ်ခုက Ipogo ပါ ။ သူက IOS / Android နှစ်ခုစလုံး support ပါတယ်။ စ ထုတ်သုံးက IOS သီးသန့် လုပ်ပေးပေမယ့် နောက်ပိုင်းမှာ Android မှာပါ support လုပ်ပေးပါတယ်။ ဒါပေမယ့် သူက Android မှာ Beta အဆင့်ပဲ ရှိသေးတာ သတိပြုရပါမယ်။ Beta ဆိုပေမယ့် အကုန်နီးပါး stable ဖြစ်ပါတယ်။ သူက Androidမှာ Root ရှိရင် သူ့ရဲ့ Ipogo Launcher app လေးကိုသာ download ဆွဲဖို့လိုပါတယ်။ Official Pokemon Go App ကို ဖျက်စရာ မလိုပါဘူး။ Launcher ကနေ တန်းပြီး ဖွင့် ကစားယုံပါပဲ။ ဒါပေမယ့် ကိုယ့် deviceက Root မရှိရင် IPOGO App ကို download ပြီးofficial pokemon go app ကို ဖျက်ပစ်ရပါမယ်။ မဟုတ်ရင် ipogo ကို installလုပ်မရပါ။ ဆော့မရဘူးပေါ့ ။ https://ipogo.app/
ဒါဆို ကျနော်တို့ ဘယ်ဟာ သုံးမလဲပေါ့ ။ ကျနော်ကတော့ F2P player အနေနဲ့ ရေးမှာပါ။ Free to Play ပေါ့ ၊ လက်ရှိက မွဲနေတာကိုး ။ xD ပြောရရင် နှစ်ခု စလုံးက Free ကစားလို့ရပါတယ်။ ဒါပေမယ့် ဒါပေမယ့်ဆို ကြောက်နေပြီ ။ xD Pgsharp ကို အရင်ကြည့်ရအောင် ။
Pgsharp က Free ကစားရင် Free Version ပေါ့ ။ တစ်လကို License Key တစ်ခု အတွက် ကန်ဒေါ်လာ 5 USD ပေးရင်တော့ Standard Edition ရပါတယ် ။ တစ်လစာ ကျသင့်ငွေ မြန်မာကျပ်ငွေနဲ့ဆို 11000 MMK ပါ။ License Key တစ်ခုကို Device 2 ခု သုံးလို့ရပါတယ်။ သူငယ်ချင်း နှစ်ယောက် စုဝယ်ပေါ့။ xD အဲ့ version နှစ်ခုကလုပ်ပိုင်ခွင့် အကန့်အသတ် ကွားခြားချက်က တော်တော်များပါတယ်။ အောက်မှာ တစ်ချက် ရှိုးကြည့်ပါ ။

အရေးကြီးတဲ့ features တွေ ဖြစ်တဲ့ Quick Catch တို့ ၊ Shiny Scanner တို့ ၊ Skip Cutscenes တို့ ၊ Transfer On Catch တို့ဟာ ဟာ Pgsharp Free Version မှာ မပါဝင်ပါဘူး။ Standard Edition မှာသာ ရနိုင်ပါတယ်။ ဘာကွာလဲဆို နောက်ပိုင်း level up တဲ့ အခါ အရမ်းသိသာပါတယ်။ ဘယ်သူမှ Cutscenes အရှည်ကြီးတွေ မကြည့်ချင်ပါဘူး။ နောက်ပိုင်းကြရင် ပျင်းစရာကောင်းလာပါလိမ့်မယ်။ Official Pokemon Go နဲ့ လမ်းလျောက်ပြီး အကောင်ဖမ်းနေတဲ့ သူတွေကိုတော့ အားနာစရာပါ။xD ဘာကြောင့် Spoof တယ်ဆိုတာ ကျနော် မိတ်ဆက်မှာ ပြောပြီးပါပြီ။ ဒါ တွေကြောင့် Pgsharp သုံးမယ်ဆို Standard Edition ကို နှစ်ယောက်စုပြီး ဝယ်သုံးသင့်ပါတယ်။ ပိုက်ဆံကတော့ လတိုင်းပေးရမှာပါ။
ဟုတ်ပြီ။ ကျနော်တို့က ပိုက်ဆံလည်း မပေးချင်ဘူး။ အဲ့လို Features တွေလည်း အလကားသုံးချင်တယ်ဗျာ။ ဒါဆို ရွေးချယ်စရာ ရှိပါတယ်။ ခုန ကျနော် ပြောတဲ့ Ipogo ပါ။ သူက Android မှာ Beta Release သာဖြစ်သေးတယ်လို့ ကျနော် အပေါ်မှာ ပြောခဲ့ပါတယ်။ အဲ့တာကြောင့်မို့ သူ့ရဲ့ Features အစုံကို Free ဆော့ရမှာပါ။ နောက်ပိုင်း Stable ဖြစ်လာရင်တော့ IOS လို လစဉ်ကြေး ကောက်ခံလာနိုင်ပါတယ်။ ဒါပေမယ့် အခုထိတော့ Android အတွက် Free to Play ပါ။ ကျနော်က အိုင်ဖုတ် မကိုင်နိုင်တဲ့ အတွက် အခုရော နောက်ရော Android Only သာ ရေးသားသွားမှာပါ။ xD ဒါကတော့ သူ့ရဲ့ Features တွေပါ ။ ဘယ်လို အသုံးပြုရမလဲဆိုတာကတော့ နောက် ပိုစ့်တွေမှာ ရေးသားသွားမှာပါ။ App ကနေ Screenshot ရိုက်ပြီး ပြထားပေးပါတယ်။



ကျနော်ကတော့ အရင်စကစားတုန်းက Pgsharp Free ယူဆာဖြစ်ပေမယ့် အခုတော့ Ipogo ကို သုံးပါတယ်။ ဒါပေမယ့် ကျနော့ သုံးကြည့်တဲ့ အတွေ့အကြုံအရ Ipogo ဟာ Android မှာဆို Beta ဖြစ်တာနဲ့ အညီ App က ဆော့တာအချိန် ကြာရင် Crash တာတွေ Bugs တာတို့ Glitches ထတာတွေ ဖြစ်တတ်ပါတယ်။ ပြီးရင် တော်တော်ဆိုးတာက cooldown မမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်က Teleport ပြီးလို့ ပြထားတဲ့ cooldown အတိုင်း စောင့်ရုံနဲ့ မပြီးပါဘူး။ cooldown က လွတ်ပြီးလားဆိုတာ သေချာအောင် 1 min လောက် ထပ်စောင့်တာတို့ ၊ Poke Shops တွေကို Spin wheel လှည့်တာတို့ လုပ်ပြီး စမ်းကြည့်သင့်ပါတယ်။ cooldown ကုန်ပြီဆိုပြီး ကောက်ဖမ်းလိုက်လို့ ကိုယ် encounter လုပ်ထားတဲ့ Pokemon လေး Fled သွားရင် ငိုနေရပါမယ်။ ခံရဘူးလို့ ကြိုပြောတာပါ ဟဲဟဲ
Pgsharp မှာတော့ cooldown ဟာ second နဲ့အမျှတိကျပါတယ်။ Stable ဖြစ်တယ်ပေါ့။ ကျနော် အခုရေးတဲ့ စာက စဆော့တဲ့သူတွေ ဘယ်လို fly မလဲ ၊ ဘယ်လို App တွေ ရွေးမလဲဆိုတာ သိသလောက်ပြောပြတာပါ။ ကျနော် ကတော့ Ipogo သုံးပါတယ်။ Ipogo နဲ့ ကစားပြီး နောက်စာတွေ ဆက်ရေးသွားမှာပါ။ နောက်ပိုစ့်မှာတော့ Ipogo ထဲက features တွေကို ရှင်းပြပါမယ်။
ဪ နောက်ဆုံး ပြောချင်တာက ကိုယ်က Spoof ပြီး စဆော့ကတည်းက Ban ခံရနိုင်တယ်ဆိုတာ နှလုံးသွင်းထားရပါမယ်။ xD အားလုံးပဲ fly နိုင်ကြပါစေ။
Team Rocket MM
“Gotta Catch ’em All“