ခေါင်းစဉ်ဖတ်လိုက်တာနဲ့ စိတ်ထဲမှာ ဘာလဲဟ လို့ ဖြစ်သွားမယ်ထင်တယ် ။ တကယ်က Pokémons တွေ Trainers အချင်းချင်း Trading လုပ်ရင် Stardusts တွေ ကုန်ကျတာကို တွက်ပြချင်လို့ပါ။ တခြား Friendship အကြောင်း သိသင့်တဲ့ ဟာတွေကောပေါ့ ။
ဆိုတော့ Trading ဆိုတာ ဘာလဲပေါ့။ ကျနော်တို့က သူ့မှာ ရှိတဲ့အကောင်နဲ့ ကိုယ့်မှာ ရှိတဲ့ အကောင်ကို အလဲအလှယ်လုပ်ကြတာကို Trade တယ်လို့ ခေါ်ကြတာပေါ့။ အလွယ်ပါပဲ ။ မင်းမှာရှိတဲ့ အကောင်းဆုံး အကောင်ကို ငါ့ကိုပေး၊ ငါမလိုချင်တာ မင်းယူပေါ့ ။ 😝
ဒါဆို အဲ့လောက် ရိုးရှင်းသလား။ ဘာနဲ့ Trade ရတာလဲ ။ ဘာတွေ ကုန်ကျသလဲ။ ဘာတွေလိုအပ်လဲ။ မေးခွန်းတွေ ရှိလာပြီ။ အခြေခံ အကျဆုံး အရာတွေကနေ ပြောကြရအောင်။
ချစ်မိတ်တွေတို့၏ အရေးပါမှု
ကျနော်တို့ ( Trainers ) တွေဟာ Trade ဖို့ဆို အခြေခံကျတဲ့ အချက် (3) ချက်ကို လိုပါတယ်။
- Trainers များဟာ Trainer Level 10 နှင့် အထက်ရှိရပါမယ်။
- Trade မယ့် တစ်ခြား Trainer နဲ့ Friend ဖြစ်ရပါမယ်။
- လက်တွေ့ အပြင်မှာ Trade မယ့်သူနဲ့ မီတာ ၁၀၀ အတွင်း ရှိနေရပါမယ်။
ဒါဆို စလို့ရပါပြီ။
ပထမ အချက်က အားလုံး ရှင်းလင်းကြမယ်ထင်ပါတယ်။
ဒုတိယ အချက်မှာ ပြောစရာ ရှိပါတယ်။ Friend ဖြစ်နေရမယ်လို့ ပြောတယ်။ ဘယ်လို Friend လဲပေါ့ ။ Friend ပုံစံက ၄ မျိုးတောင်ရှိတာကိုး။
- Good Friend (reached after 1 day of friendship)
- Great Friend (reached after 7 days of friendship)
- Ultra Friend (reached after 30 days of friendship)
- Best Friend (reached after 90 days of friendship)
( သတိထားရမှာက Friend ဖြစ်ပြီး ပစ်ထားရုံနဲ့ Friendship Level တွေ မတိုးလာပါဘူး။ တစ်ရက်ကို တစ်ခါ သူ့ဘက် ဒါမှမဟုတ် ကိုယ့်ဘက်ကနေ Gift များ ပို့ပေး၊ ဖွင့်ပေးမှ Level တက်လာမှာပါ။ Raid များတွင်လည်း invite လုပ်ပြီး ကစားခြင်းက Friendship ကို တိုးစေပါတယ်။ )
Friendship Level တက်လာတာနဲ့အမျှ Bonus တွေ ရလာပါတယ်။ Great Friend နဲ့ အထက်ဆို Gym တွေ ၊ Raid တွေမှာ invite လုပ်ပြီး အတူကစားရင် attack bonus တွေ ၊ raid bonus တွေ ရပါတယ်။ Damage တိုးတာတွေ၊ ball အပို ရတာတွေ ကို ခံစားရပါတယ်။ Trade ကြရင် ကျနော်တို့ သိထားရမှာက ကျနော်တို့ ပေးလိုက်တဲ့ IV အတိုင်း အတိအကျရမှာ မဟုတ်ပါဘူး။ IV အသစ် ပြန်သွားဖြစ်မှာပါ။ ကျနော်က Mewtwo 100% IV ပေးလိုက်ပေမယ့် သူ့ဘက်မှာက 89% IV လောက်ပဲ ရရင် ရတာမျိုးပါ။ တရားသေမှတ်လို့ မရပါဘူး။ အဲ့ကောင်က Trainer နှစ်ဦးစလုံးရဲ့ Trainer level နဲ့ Friendship Level ပေါ်မှာ မူတည်ပါတယ်။ Friendship Level မြင့်ရင် ပိုမြင့်တဲ့ IV ရဖို့ chance ပိုများပါတယ်။
Friendship အကြောင်းသိပြီဆိုရင် Trading အပိုင်းကို ပြန်သွားကြမယ်။ Trade တဲ့နေရာမှာ 2 မျိုးရှိပါတယ် ။
Standard Trade နဲ့ Special Trade ပါ ။
Standard Trade ထဲမှာက ကိုယ့် Pokedex ထဲမှာ Registered လုပ်ပြီးသား ( အကောင်ဖမ်းဖူးပြီးသား ) သာမန် အကောင်တွေ၊ Regional အကောင်တွေ၊ တစ်ခါမှ မဖမ်းရသေးတဲ့ unregistered အကောင်တွေ ပါပါတယ်။သူက တစ်နေ့အတွင်း ကြိုက်သလောက် Trade လို့ရပါတယ်။Shiny & Legendary တွေ ( registered and unregistered) တော့ မပါပါဘူး။
Special Trade ထဲမှာ တော့ Shiny & Legendary ( registered and unregistered) တွေပါပါတယ်။ သူကတော့ တစ်နေ့မှာ တစ်ခါပဲ Trade လို့ရပါတယ်။ အချို့ Event တွေမှာတော့ အပို တစ်ခါ Trade ခွင့်ပေးပါတယ်။ပုံမှန်ကတော့ တစ်ခါပါ။
သတိထားရမှာက Mythical တွေထဲမှာ Meltan နဲ့ Melmetal ကလွဲလို့ ကျန်တာတွေကို ဘယ်တော့မှ Trade မရပါဘူး။ ပြီးတော့ Candy Bonus ဆိုတာ ရှိပါတယ်။ကျနော်တို့ Trade complete ဖြစ်တာနဲ့ တစ်ခါတစ်လေ Candy တွေ ရပါတယ်။ အဲ့တာက ဘယ်လို ရတာလဲဆိုတော့ ကျနော်တို့ Trade လိုက်တဲ့ pokemon နှစ်ကောင်ရဲ့ ပထမဆုံး ဖမ်းမိတဲ့ location ပေါ်မူတည်ပြီး ရတာပါ။
Pokemon 2 ကောင် ဖမ်းမိတဲ့ location different ဟာ 30 km အောက်ဆိုရင် candy 1 ခုရပါမယ်။ 30km – 100km ကြားဆိုရင် 2 candy ရပါမယ်။ 100 km အထက်ဆို candy 3 ခုပါ။ Trade တစ်ခုမှာ ကျနော်တို့ အများဆုံး အနေနဲ့ candy 3 ခုကို ရနိုင်ပါတယ်။
ငွေကြယ်မှုန့်ရဲ့ အရေးပါပုံ
စ Trade မယ်ဆို ကျနော်တို့ အနေနဲ့ ၊ Good Friend ဖြစ်ရုံလေးနဲ့ Trade လို့ရပါတယ်။ ဒါပေမယ့် ဘယ်လို အကျိုးသက်ရောက်လဲ ဆိုတာ တွက်ချက်ရတော့မယ်။ ဒါဆို စစချင်း ကျနော် ပြောတဲ့ ငွေကြယ်မှုန့် ( Stardust ) က ပါလာပြီပေါ့။ ငွေကြယ်မှုန့်ရဲ့ ဆန်းကြယ်မှုတွေက ဘာလဲ၊ အသုံးဝင်မှုက ဘာလဲ။
Stardust ကို ကျနော်တို့က Combat Power ( CP ) တွေတိုးဖို့ မိမိ Pokemon ရဲ့ Level Up ဖို့ရာတွင် သုံးပါတယ်။ အကောင်တွေ level တက်ဖို့ Candy တွေ အပြင် Stardustက အခရာ ကျပါတယ်။ ဒီလောက်ဆို သိမယ် ထင်ပါတယ်။ Exp လို ဖောဖောသီသီ မရနိုင်ပါဘူး ။ လိုအပ်တဲ့ နေရာပဲ အသုံးချသင့်ပါတယ်။
ဒါဆို ခုန Trading လုပ်တဲ့ နေရာမှာ Stardust ကုန်ကျမှု အကြောင်းတွေ ပြောရအောင်။ Friendship Levelနဲ့ ဘယ်လို ဆက်စပ်ပြီး အကျိုးကျေးဇူးရမလဲ ဆိုတာ အောက်က ပုံကို ကြည့်ပါ။

Friendship Level များတာနဲ့ အမျှ Trading လုပ်ဖို့ ကုန်ကျမယ့် Stardust ပမာဏဟာ အများကြီး လျော့နည်းတာကို တွေ့ရပါမယ်။ regular ကောင်တွေမှာ မသိသာပေမယ့် Special Trade မှာဆို တအားသိသာပါတယ်။ Good Friend မှာ Stardust 1M ကုန်ကျမယ့်ဟာက Best Friend မှာဆို 40,000 လောက်ပဲ ကုန်ကျပါတော့တယ်။ အဲ့အတွက် မိမိက unregistered Special Trade ဖို့ဆို အနည်းဆုံး 1 month တော့ အချိန်ပေးသင့်ပါတယ်။ မဟုတ်ရင် stardust ဖြုန်းနေသလို ဖြစ်နေပါမယ်။
ဆက်ရန် – ကျန်ခဲ့သည်များ ၊ လိုအပ်ချက်များနှင့် အကြောင်းအရာသစ်များကို နောက်ပိုင်းတွင် post အသစ်ရေးသွားပါမည်။